“ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်(၁)အပြီး ပီအက်စ်ဂျီအသင်း ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်”

13 Sep

ယခုနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်(၁)အပြီးတွင် ပီအက်စ်ဂျီအသင်းက ဂိုးကွာခြားချက် အသာ ရမှတ်သုံးမှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ စတင်ဦးဆောင်ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်(၁)တွင် ပီအက်စ်ဂျီအသင်းက ဆလိုဗန်အသင်းကို ခြောက်ဂိုး၊ တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဥရောပထိပ်တန်း ကလပ်အသင်းအများစု နိုင်ပွဲများရရှိခဲ့ပြီး ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ ပီအက်စ်ဂျီအသင်းနောက်မှ ဂိုးကွာခြားချက်ဖြင့် ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ မန်ယူ၊ ကိုမိုအသင်း၊ စပို့တင်းလစ္စဘွန်း၊ စတုဂတ်၊ မန်စီးတီး၊ အေဗီလာနှင့် လန်းစ်အသင်းတို့က အစဉ်အလိုက်ရပ်တည်နေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်(၂)ပွဲစဉ်များကို လာမည့်အောက်တိုဘာလ ၁၃ ရက်တွင် ပြန်လည်ကစားမှာ ဖြစ်ပါတယ်။(NVS 008)

13 Sep

ADVERTISE HERE .