“ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာသဘင်နှင့် (၄၆)ကြိမ်မြောက် မဟာ၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ”

13 Sep

ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာသဘင်နှင့် (၄၆)ကြိမ်မြောက် မဟာ၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို စက်တင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ ရွှေအင်းရိပ်သာစာသင်တိုက် ဦးစီးပဓာနနာယက မြို့နယ်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တနေမိန္ဒ၊ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ရွှေအင်းရိပ်သာကျောင်းတိုက်ဆရာတော်) ဘဒ္ဒန္တ ပညာသာမိ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အထူးကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ ၂ဝ၂၆ ခုနှစ် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရကဆက်ကပ်သော ဘွဲ့တံဆိပ်တော်ရဆရာတော်များ၊ သီလရှင်များ၊ အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ဓမ္မာစရိယဂုဏ်ထူးဆောင် သံဃာတော်နှင့် သီလရှင်များ၊ ဓမ္မာစရိယ စာအောင်သံဃာတော်နှင့် သီလရှင်များ၊ ပထမပြန်ငယ်၊ လတ်၊ ကြီး စာအောင်သံဃာတော်နှင့် သီလရှင်များ၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျ၊ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒါယကာ၊ဒါယိကာမများ တက်ရောက်ခဲ့ကြပါတယ်။ ဦးစွာ ဘွဲ့တံဆိပ်တော်ရဆရာတော်၊ သီလရှင်ဆရာလေးတို့၏ ကိုယ်ရေးထေရုပ္ပတ္တိများကို ဖတ်ကြားပူဇော်ပြီး ဆရာတော်၊ သံဃာတော်များထံ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက ဩဝါဒါစရိယဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ ဘွဲ့ရဆရာတော်များ၊ ဓမ္မာစရိယနှင့် စာအောင်သံဃာတော်များ၊ သီလရှင်များအား ဘွဲ့တံဆိပ်တော်များ၊ လှူဖွယ်ပစ္စည်းများနှင့် စာအောင်ဆုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။(NVS 008)

13 Sep

ADVERTISE HERE .