“ဖလမ်းမြို့၌ ဆက်သွယ်ရေးကွန်ရက်များ ပြန်လည်ရရှိ”
13 Sep
ချင်းပြည်နယ် ဖလမ်းမြို့တွင် စက်တင်ဘာလ ၁၂ ရက်မှစ၍ ဆက်သွယ်ရေးကွန်ရက် (MPT)လိုင်းများ ပြန်လည်ရရှိပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရပါတယ်။ ဖလမ်းမြို့နှင့် တွန်းဇံမြို့တို့တွင် ဆက်သွယ်ရေး(MPT)လိုင်းများ အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် ဆက်သွယ်ရေးစက်ပစ္စည်းများကို ရန်ကုန်မြို့မှ ဖလမ်းမြို့နှင့် တွန်းဇံမြို့တို့သို့ မော်တော်ယာဉ်၊ လေယာဉ် တို့ဖြင့် အဆင့်ဆင့်သယ်ယူပို့ဆောင်ခဲ့ပြီး ယခုအခါ ဖလမ်းမြို့တွင် စက်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ခဲ့ပြီဖြစ်ရာ ဆက်သွယ်ရေးကွန်ရက်(MPT)လိုင်းများ ပြန်လည်ရရှိသွားပြီဖြစ်ပါတယ်။ ဖလမ်းမြို့ ဒေသခံပြည်သူများ အဆင်ပြေစွာ ဆက်သွယ်ပြောဆိုနိုင်ပြီဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)အနေဖြင့် ချင်းပြည်နယ်အတွင်း ဆက်သွယ်ရေးကွန်ရက်များ ပြန်လည်ရရှိရေးကို အထူးအလေးထား၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ဖလမ်းမြို့နှင့် တီးတိန်မြို့တို့တွင် ဆက်သွယ်ရေးကွန်ရက်(MPT) လိုင်းများ ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရပါတယ်။(NVS 008)