“အင်ဒိုနီးရှားနိုင်ငံတွင် အာနက်ကရာကာတောင်မီးတောင်မှ ပြာများကြောင့် လေထုညစ်ညမ်းပြီး ဒေသခံပြည်သူ ၆၈,၉၁၉ ဦး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ပွား”
13 Sep
အင်ဒိုနီးရှားနိုင်ငံတွင် အာနက်ကရာကာတောင်မီးတောင်မှ မီးတောင်ပြာများကြောင့် လေထုညစ်ညမ်းပြီး ဒေသခံပြည်သူ ၆၈,၉၁၉ ဦး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားနေကြောင်း စက်တင်ဘာလ ၁၁ ရက် သတင်းများအရ သိရသည်။ အာနက်ကရာကာတောင်မီးတောင်သည် ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ မီးတောင်ပြာများ ပျံ့နှံ့ကျရောက်ခဲ့သည့် ပြည်နယ်လေးခုရှိ ခရိုင်နှင့် မြို့ပေါင်း ၂၃ ခုတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ် ပွားသူ ကနဦးဦးရေ ၁၇,၇၈၀ ရှိရာမှ လက်ရှိတွင် ၆၈,၉၁၉ ဦး ရှိလာကြောင်းသိရသည်။ အဆိုပါ ရောဂါဖြစ်ပွားသူများတွင် အသက်ငါးနှစ်နှင့်အောက် ကလေးငယ် ၁၄,၄၃၉ ဦးပါဝင်ပြီး အသက် ငါးနှစ်အထက် လူဦးရေ ၅၄,၄၈ဝ ဦး ပါဝင်ကြောင်းသိရသည်။ မီးတောင်ပြာများနှင့် ရေရှည်ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးအန္တရာယ်များကို လျှော့ချ နိုင်ရန်အတွက် ထိခိုက်ခံစားနေရသည့် ဒေသများတွင် ကျန်းမာရေးစောင့်ကြည့် စစ်ဆေးမှုများနှင့် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိကြောင်း အစိုးရတာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။