“အိန္ဒိယဝန်ကြီးချုပ် မိုဒီ နယူးဒေလီမြို့၌ ရုရှားသမ္မတ၊ အီရန်သမ္မတတို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေး”
13 Sep
အိန္ဒိယဝန်ကြီးချုပ် မိုဒီ သည် စက်တင်ဘာလ ၁၁ ရက်တွင် ရုရှားသမ္မတ ပူတင်၊ အီရန်သမ္မတ ပီဇက်ရှ်ကီအန် တို့နှင့် နယူးဒေလီမြို့၌ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီ သည် နယူးဒေလီမြို့၌ ဘရစ်အုပ်စု(BRICS) ထိပ်သီးညီလာခံ မကျင်းပမီ ရုရှားသမ္မတ၊ အီရန်သမ္မတတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ရုရှားသမ္မတ ပူတင် နှင့် တွေ့ဆုံဆွေးနွေးစဉ် အိန္ဒိယဝန်ကြီးချုပ် မိုဒီ သည် ရုရှားနှင့် အိန္ဒိယနှစ်နိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ စွမ်းအင်ကဏ္ဍ၊ အခြားနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။ ထို့ပြင် ရုရှားသမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့သည် ဒေသတွင်းကိစ္စများ၊ နိုင်ငံတကာ ရေးရာများနှင့် ပတ်သက်၍လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ သည် စက်တင်ဘာလ ၁၁ ရက်က အီရန်သမ္မတနှင့် တွေ့ဆုံခဲ့ပြီး ပင်လယ်ကွေ့ ဒေသ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကိစ္စများ၊ ရေကြောင်းသွားလာမှု လုံခြုံရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။