“ဘိုင်ယန်မြူးနစ်အသင်းအတွက် ချန်ပီယံလိဂ်ဂိုး ၉၀၀ ပြည့်ကို သွင်းယူပေးခဲ့တဲ့ မူဆီယာလာ”

11 Sep

ဘိုင်ယန်မြူးနစ်အသင်းအတွက် ချန်ပီယံလိဂ်ဂိုး ၉၀၀ ပြည့် သွင်းဂိုးကို ကွင်းလယ်တိုက်စစ်ကစားသမား မူဆီယာလာ က ယူနိုင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုးကို ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်နှင့် ဘိုဒယ်ဂလင့်အသင်း တို့ပွဲစဉ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက ဘိုဒယ်ဂလင့်အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မူဆီယာလာ ဟာ ရာသီကြိုကာလအတွင်း ခြေစမ်းပွဲနှစ်ပွဲမှာ အာရုံကြောပြဿနာကြောင့် ကွင်းအတွင်းလဲကျမှုတွေ ဖြစ်ခဲ့တာကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး အခုပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၉၀၄ ဂိုးရှိသွားခဲ့ပြီး ၁,၁၃၉ ဂိုး သွင်းယူထားတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့နောက် ဒုတိယဂိုးသွင်းအများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။(NVS 008)

11 Sep

ADVERTISE HERE .