“နိုင်ငံရေးနှင့် သံတမန်ရေးအရ ဖြေရှင်းခြင်းသာလျှင် အီရန်နျူကလီးယားအရေး၏ ထွက်ပေါက်ဖြစ်ဟု တရုတ် ကိုယ်စားလှယ်ဆို”

11 Sep

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) ဘုတ်အဖွဲ့သည် စက်တင်ဘာလ ၉ ရက်တွင် အီရန် နျူကလီးယားအရေးအား သုံးသပ်ဆွေးနွေးခဲ့သည်။ IAEA ဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် လီဆုန်း က တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် လီဆုန်း က လွန်ခဲ့သည့်နှစ် ဇွန်လမှစ၍ အမေရိကန်နှင့် အစ္စရေးတို့သည် IAEA ၏ အာမခံချက်နှင့် စောင့်ကြည့်ကွပ်ကဲမှုအောက်ရှိ အီရန်၏ ငြိမ်းချမ်းသော နျူကလီးယားအဆောက်အအုံများကို နှစ်ကြိမ်တိုင် စစ်ရေးအရတိုက်ခိုက်ခဲ့ရာ အီရန်နှင့် အေဂျင်စီအကြား အာမခံချက်နှင့် စောင့်ကြည့်ကွပ်ကဲမှု ပူးပေါင်း ဆောင်ရွက်ရေးအပေါ် ပြင်းထန်သောအတားအဆီးများ ဖြစ်စေခဲ့ကြောင်း၊ ယင်းသည် နျူကလီးယားမပြန့်ပွားရေး စာချုပ်(NPT) ယန္တရားကို ပြင်းထန်စွာထိခိုက်စေခဲ့ပြီး အီရန်နှင့် အေဂျင်စီအကြား ပူးပေါင်းဆောင်ရွက်မှုကို ယနေ့ အထိ ပုံမှန်အတိုင်းပြန်လည်မရောက်ရှိနိုင်သည့် အခြေခံအကြောင်းရင်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။ လီဆုန်း က ဘုတ်အဖွဲ့အတွင်း နိုင်ငံရေးအရ ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် အီရန်နျူကလီးယားအရေးကို မဖြေရှင်းနိုင်ကြောင်း၊ အတင်းအကျပ်ဆုံးဖြတ်ချက်ချခြင်းသည် ပဋိပက္ခကို ပိုမိုလှုံ့ဆော်ပေးမည်သာဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်ပြခြင်းသည် ထွက်ပေါက်မရှိကြောင်း အလေးပေးပြောကြားခဲ့သည်။ အီရန်နျူကလီးယား အရေး၏ သမိုင်းကြောင်းက နိုင်ငံရေးနှင့် သံတမန်ရေးအရ ဖြေရှင်းခြင်းသာလျှင် အီရန်နျူကလီးယားအရေးအတွက် ထွက်ပေါက်ဖြစ်ကြောင်း အပြည့်အဝသက်သေပြခဲ့ကြောင်း၊ ယခုနှစ်ဇွန်လတွင် အမေရိကန်နှင့် အီရန်တို့သည် အဆင့်လိုက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းသည် ဘက်ပေါင်းစုံဖျန်ဖြေညှိနှိုင်းမှု၏ အဖိုးတန်သော ရလဒ်ဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းရေး တံခါးဖွင့်ထားပြီးမှ ပိတ်မထားသင့်ဘဲ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရှိနေသရွေ့ လက်မလျှော့သင့်ကြောင်း၊ လက်ရှိအရေးတကြီး လုပ်ဆောင်ရမည့်အချက်မှာ အခြေအနေကို ဖြေလျှော့စေရန်နှင့် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းဆီ ပြန်လည်ဦးတည်ရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အီရန်နျူကလီးယားအရေးကို နိုင်ငံရေးအရ ဖြေရှင်းရန်တွန်းအားပေးသွားပြီး အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုမြှင့်တင်ရန် မဆုတ်မနစ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လီဆုန်း က ပြောကြားခဲ့သည်။ အစည်းအဝေးအတွင်း IAEA အဖွဲ့ဝင်နိုင်ငံများက အချေအတင်ဆွေးနွေးမှုများ အကြိတ်အနယ် ပြုလုပ်ခဲ့ကြပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့က အတူတကွတွန်းအားပေးသည့် အီရန်နျူကလီးယားအရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်အတည်ပြုခဲ့သည်။ မဲပေးပိုင်ခွင့်ရှိသော ဘုတ်အဖွဲ့မှ အဖွဲ့ဝင် ၃၄ နိုင်ငံအနက် တရုတ်၊ ရုရှားနှင့် နိုင်ဂျာတို့က ကန့်ကွက်မဲပေးခဲ့ပြီး ဘရာဇီး၊ တောင်အာဖရိက၊ အိန္ဒိယ၊ အီဂျစ်၊ ထိုင်းစသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ၈ နိုင်ငံက ကြားနေမဲပေးခဲ့ကြသည်။ (Repost from Xinhua Myanmar)

11 Sep

ADVERTISE HERE .