“အစ္စရေးဘက်က ပါလက်စတိုင်းသားများအား ဂါဇာမှ အတင်းအဓမ္မရွှေ့ပြောင်းမည့် ပြောဆိုချက်ကို နိုင်ငံ ၈ နိုင်ငံ မှ နိုင်ငံခြားရေးဝန်ကြီးများ ပြစ်တင်ရှုတ်ချ”
11 Sep
ကွန်ဂိုနိုင်ငံ(DRC)က အီဘိုလာရောဂါဖြစ်ပွားမှုကို ကိုင်တွယ်စီမံရာ၌ ဆေးရုံခုတင်အရေအတွက်နှင့် ဝန်ထမ်း အင်အား ဆိုးရွားစွာမလုံလောက်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ လက်တွေ့လိုအပ်ချက်မှာ လက်ရှိရှိရင်းစွဲအခြေအနေ၏ နှစ်ဆကျော်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကျွမ်းကျင်ပညာရှင်များက စက်တင်ဘာလ ၈ ရက်တွင် သတိပေးပြောကြားခဲ့သည်။ WHO ကျွမ်းကျင်ပညာရှင် Luca Fontana က လက်ရှိတွင် ကွန်ဂိုနိုင်ငံ(DRC)၌ အီဘိုလာရောဂါ ကုသရေး စင်တာ ၅၉ ခု ဖွင့်လှစ်ထားပြီး စုစုပေါင်းဆေးရုံခုတင်နေရာ ၁,၄၀၀ ခန့်ရှိသော်လည်း ဆေးရုံခုတင် ၁,၆၀၀ ကျော် လိုအပ်မှုရှိနေဆဲဖြစ်ကြောင်း၊ ထို့ပြင် ကျန်းမာရေးဝန်ထမ်းအရေအတွက်ကိုလည်း ပမာဏအများအပြားမြှင့်တင်ရန် လိုအပ်နေပြီး လက်ရှိ လူ ၄,၀၀၀ မှ လူ ၉,၀၀၀ အထိတိုးသင့်ကြောင်း DPA သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ တရားဝင်ထုတ်ပြန်သော အချက်အလက်များအရ ကွန်ဂိုနိုင်ငံ(DRC)၏ ယခုအကြိမ် အီဘိုလာရောဂါ ဖြစ်ပွား မှုတွင် ကူးစက်ခံရသူသည် ၆,၆၈၆ ဦးရှိပြီး ၎င်းအနက် ၃,၂၂၆ ဦီး သေဆုံးခဲ့ကြောင်း သိရသည်။ ကွန်ဂိုနိုင်ငံ(DRC) အမျိုးသားကျန်းမာရေး သုတေသနစင်တာက လက်ရှိတွင် ကူးစက်ခံရသူ ၈၁၉ ဦးသည် ဆေးကုသမှုခံယူနေခြင်း သို့မဟုတ် သီးခြားကွာရန်တင်း လူနာခန်းများတွင် ထားရှိထားကြောင်း ပြောကြားခဲ့သည်။ ကွန်ဂိုနိုင်ငံ(DRC)က မေလ ၁၅ ရက်တွင် အီဘိုလာရောဂါ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် က ကွန်ဂိုနိုင်ငံ(DRC)၏ ယခုအကြိမ် အီဘိုလာရောဂါဖြစ်ပွားမှုသည် မှတ်တမ်းရှိပြီးနောက် ဒုတိယအကြီးဆုံး အီဘိုလာရောဂါဖြစ်ပွားမှုဖြစ်ကြောင်း ဩဂုတ်လ ၁၂ ရက်တွင် ပြောကြား ခဲ့သည်။ ယခုအကြိမ်ရောဂါဖြစ်ပွားမှုသည် Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါဗိုင်းရပ်စ်အတွက် အတည်ပြုထားသည့် ကာကွယ်ဆေး သို့မဟုတ် သီးသန့်ကုသနည်း မရှိသေး ကြောင်းသိရသည်။ (Repost from Xinhua Myanmar)