“ကမ္ဘာ့အဆင့် (၁) နေရာကို ရယူခဲ့တဲ့ ရီဘာကီနာ”
11 Sep
ယူအက်စ်အိုးပင်းပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ကွာတားဖိုင်နယ်မှာ အနိုင်ရခဲ့ပြီးနောက် ကာဇက်စတန် တင်းနစ်မယ် ရီဘာကီနာ ဟာ အမျိုးသမီး ကမ္ဘာ့အဆင့် (၁) နေရာကို ရယူနိုင်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ရီဘာကီနာ ဟာ ကမ္ဘာ့အဆင့်-၁ နေရာကို ရက်သတ္တပတ် ၉၉ ပတ်ကြာ ရယူထားခဲ့တဲ့ ဘယ်လာရုစ် တင်းနစ်မယ် ဆာဘာလန်ကာ ရဲ့ နေရာကို လွှဲပြောင်းရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ရီဘာကီနာ ဟာ ကွာတားဖိုင်နယ်မှာ ပြိုင်ဘက်တင်းနစ်မယ်ကို ပထမပွဲလတ်အရှုံးကနေ နောက်က လိုက်ကစားပြီး အနိုင်ပြန်ရအောင် ကြိုးစားနိုင်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့အပြင် ရီဘာကီနာ ဟာ ကာဇက်စတန် အမျိုးသားနဲ့ အမျိုးသမီး တင်းနစ်အားကစားသမားတွေထဲမှာ ကမ္ဘာ့အဆင့်(၁) နေရာကို ရယူနိုင်တဲ့ ပထမဆုံးတင်းနစ် ကစားသမားအဖြစ်လည်း မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ ဘယ်လာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ ကတော့ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ကမ္ဘာ့အဆင့်(၁) နေရာကို ရယူနိုင်ခဲ့ပြီးနောက် ရက်သတ္တပတ် ၉၉ ပတ်အထိ အဆင့်(၁) နေရာကို ဆက်ထိန်းနိုင်ခဲ့ပြီး ဗုဒ္ဓဟူးညမှာတော့ ရိုင်ဘာကီနာ ထံသို့ လွှဲပြောင်းပေးလိုက်ရတာဖြစ်ပါတယ်။ (NVS 008)