“အကောင်းဆုံးချန်ပီယံလိဂ်ည ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့တဲ့ မန်ယူနည်းပြ ကာရစ်”

11 Sep

မန်ယူအသင်းနည်းပြ ကာရစ် က ဆာဘာအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ခြင်းအတွက် ပြီးပြည့်စုံတဲ့ ချန်ပီယံလိဂ်ည ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ ၂၀၂၄-၂၅ နဲ့ ၂၀၂၅-၂၆ ရာသီတွေမှာ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့် မရခဲ့တာကြောင့် ဆာဘာ အသင်းနဲ့ပွဲစဉ်က ၂၀၂၃ ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးယှဉ်ပြိုင်ခွင့်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ မန်ယူအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲ ပထမဆုံးယှဉ်ပြိုင်ခွင့်ရရှိလာခဲ့တဲ့ အဇာဘိုင်ဂျန်ကလပ် ဆာဘာ အသင်းကို ဂိုးပြတ်အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ သွင်းဂိုး ၄ ဂိုးသွင်းယူနိုင်ခဲ့သလို Clean Sheet လည်း ရရှိခဲ့တာကြောင့် ပြီးပြည့်စုံတဲ့ညဖြစ်ခဲ့ကြောင်းနည်းပြ ကာရစ် က ပွဲပြီးအင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ (NVS 008)

11 Sep

ADVERTISE HERE .