“လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် သောက်သုံးရေလီတာ ၂၆,၀၀၀ ကျော် ဖြန့်ဖြူး”

11 Sep

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူ ၁,၀၀၀ ကျော်အတွက် သောက်သုံးရေ လီတာ ၂၆,၀၀၀ ကျော် ဖြန့်ဖြူးပေးထားပြီး သောက်သုံးရေလိုအပ်နေတဲ့ နေရာများသို့ ဆက်လက်ဖြန့်ဖြူးပေးလျက် ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံမှ သိရပါတယ်။ လေးမျက်နှာမြို့နယ်ရှိ အမှတ်(၁)၊(၂)၊(၃)ရပ်ကွက်နှင့် စစ်ကုန်းကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအတွက် သောက်သုံးရေလိုအပ်တဲ့ နေရာများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကျန်းမာရေးဌာန၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးအဖွဲ့က သောက်သုံးရေများ ဖြန့်ဖြူးပေးနေခြင်းဖြစ်ပါတယ်။ စက်တင်ဘာလ ၉ ရက်အထိ ရေဘေးသင့်ပြည်သူ ၁,၀၀၀ ကျော်အတွက် သောက်သုံးရေလီတာ ၂၆,၀၀၀ ကျော်နှင့် ရေဘူးပျော့ ၄၀ ကို ဖြန့်ဖြူးပေးထားပြီး ရေလိုအပ်နေသည့် ရပ်ကွက်နှင့် ကျေးရွာများသို့ ဆက်လက်ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက အသိပေးထားပါတယ်။ (NVS 008)

11 Sep

ADVERTISE HERE .