“ယခုဘဏ္ဍာနှစ် ငါးလအတွင်း ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၂၅ သန်းကျော်ရရှိ”

11 Sep

မြန်မာနိုင်ငံအနေနဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ငါးလအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်း တန်ချိန် ၁၃၀,၄၁၁ တန် ကျော်တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ ၂၂၅ သန်းကျော်ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါကာလအတွင်း ရေထွက်ပစ္စည်းတင်ပို့မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ် အလားတူကာလက တင်ပို့ခဲ့တဲ့ တန်ချိန် ၁၅၃,၉၂၆ တန်ကျော်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၂၃,၅၀၀ ခန့် လျော့နည်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ရေထွက် ပစ္စည်းများကို နိုင်ငံပေါင်း ၄၀ ခန့်သို့ တင်ပို့လျက်ရှိပြီး တရုတ်နှင့် ထိုင်းနိုင်ငံတို့အပြင် အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပနိုင်ငံများသို့ အဓိကတင်ပို့လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရပါတယ်။ ယခင်ဘဏ္ဍာနှစ်တစ်နှစ် လုံးမှာ မြန်မာနိုင်ငံမှပြည်ပသို့ ရေထွက်ပစ္စည်းတန်ချိန် ၄၆၃,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

11 Sep

ADVERTISE HERE .