“တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခုမှာ စက်တင်ဘာလ ၁၄ ရက်အထိ နေရာကွက်၍ မိုးကြီးမည်”

11 Sep

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေအားကောင်းနေခြင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် စက်တင်ဘာလ ၁၄ ရက် အထိ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခုမှာ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထုတ်ပြန်ချက်အရ သိရပါတယ်။ စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းမှ စက်တင်ဘာလ ၁၄ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းဒေသကြီးတို့အပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရပါတယ်။ အဆိုပါဒေသများအနက် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့အပြင် ကချင်၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဖော်ပြထားပါတယ်။ (NVS 008)

11 Sep

ADVERTISE HERE .