“ဧပြီလမှ ဩဂုတ်လအတွင်း မြန်မာနိုင်ငံက ပုလဲအလုံးရေ ၉ သိန်းကျော် ထုတ်လုပ်နိုင်ခဲ့”
11 Sep
မြန်မာနိုင်ငံအနေနဲ့ ၂၀၂၆ ခုနှစ် ဧပြီလမှ ဩဂုတ်လအထိငါးလအတွင်း ပုလဲအလုံးရေ ၉ သိန်းကျော် ထုတ်လုပ် နိုင်ခဲ့ကြောင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံ၏ ပုလဲမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း၊ မြိတ်နှင့် ကျွန်းစုမြို့နယ်တို့ရှိ ပင်လယ်ပြင်များမှာ အဓိကဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ့ပုလဲထုတ်လုပ်ရေးမှာ တောင်ပင်လယ်ပုလဲ(South Sea Pearl)များကို အဓိကထား မွေးမြူထုတ်လုပ် လျက်ရှိပြီး တနင်္သာရီကမ်းရိုးတန်းဒေသရှိ ပင်လယ်ပြင်များသည် ပုလဲမွေးမြူထုတ်လုပ်ရေးအတွက် အဓိကဒေသများ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် မြန်မာ့ပုလဲလုပ်ငန်းအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံတကာပုလဲလေလံပွဲ နှစ်ပွဲနှင့် ပြည်တွင်း ပုလဲအရောင်းပွဲ နှစ်ပွဲ ကျင်းပရန် စီစဉ်ထားရှိပါတယ်။ အဆိုပါ လေလံပွဲနှင့် အရောင်းပွဲများမှတစ်ဆင့် မြန်မာ့ပုလဲများ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ ပိုမိုရောက်ရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)