“ထရမ့် က ပါတီအနေဖြင့် လွှတ်တော်ရွေးကောက်ပွဲအနိုင်ရပါက နိုင်ငံသားတိုင်းကို ဒေါ်လာ ၅,၀၀၀ ပေးမည်”

11 Sep

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် လာမည့်သက်တမ်းဝက် ရွေးကောက်ပွဲများတွင် ၎င်း၏ပါတီဖြစ်သော ရီပတ်ဘလစ်ကန်ပါတီအနေဖြင့် လွှတ်တော်တွင်အနိုင်ရရှိခဲ့မည်ဆိုပါက အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသား အားလုံးကို အမေရိကန်ဒေါ်လာ ၅,၀၀၀ ထောက်ပံ့ကြေးပေးအပ်သွားမည်ဟု မဲဆွယ်စည်းရုံးပွဲတစ်ခုတွင် ကတိပြု ပြောကြားခဲ့သည်။ ထောက်ပံ့ကြေးပေးမည့် စီးပွားရေးဆိုင်ရာ မဟာဗျူဟာမြောက် ကမ်းလှမ်းမှုသည် ပြည်သူများ၏ လူနေမှု ဘဝကို မြင့်တင်ပေးရန်နှင့် ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးမှုများကို တစ်ဖက်တစ်လမ်းမှနေ၍ အားဖြည့်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ထိုကဲ့သို့အဆိုပြုချက်နှင့် ပတ်သက်၍ နိုင်ငံတော်ဘဏ္ဍာငွေအပေါ် ကြီးမားသည့် ထိခိုက်မှုများရှိလာ နိုင်ခြင်း၊ ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားလာစေနိုင်ခြင်း စသည့် ဘဏ္ဍာရေးဆိုင်ရာ သက်ရောက်မှုများနှင့် အကောင် အထည်ဖော်နိုင်မှုအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် အတိုက်အခံ ဒီမိုကရက်တစ်ပါတီဝင်များက ပြင်းပြင်းထန်ထန် ဝေဖန်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

11 Sep

ADVERTISE HERE .