“ချန်ပီယံလိဂ်ပွဲ(၁၀၀)ပြည့်မြောက်တဲ့ ၈ ဦးမြောက်ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ကော်တိုအာ”
10 Sep
ရီးရဲလ်အသင်းရဲ့ ဂိုးသမား ကော်တိုအာ ဟာ ချန်ပီယံလိဂ်ပွဲ(၁၀၀)ပြည့်မြောက်တဲ့ ၈ ဦးမြောက်ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ ကော်တိုအာ က ရီးရဲလ်အသင်းက အင်တာမီလန်အသင်းကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ အဆိုပါမှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကော်တိုအာ က ချန်ပီယံလိဂ်ပြိုင်ပွဲကို ချဲလ်ဆီးအသင်းမှာ ၁၆ ပွဲ၊ အက်သလက်တီကိုမှာ ၁၂ ပွဲ၊ ရီးရဲလ်မှာ ၇၂ ပွဲ ပါဝင်ကစားခဲ့ခြင်းဖြစ်ပါတယ်။ ကော်တိုအာ က ဘယ်လ်ဂျီယံကစားသမားတွေထဲမှာ ချန်ပီယံလိဂ်ပွဲ ၁၀၀ ပထမဆုံးပြည့်မြောက်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ကစားသမားအားလုံးထဲမှာဆိုရင်တော့ ချန်ပီယံလိဂ်ပွဲ(၁၀၀)ပြည့် မြောက်တဲ့ ၅၆ ဦးမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ကော်တိုအာ မတိုင်ခင် ချန်ပီယံလိဂ်ပွဲ(၁၀၀) ပြည့်မြောက် ခဲ့တဲ့ ဂိုးသမားတွေက ကာဆီးလက်စ်၊ နော်ယာ၊ ဘူဖွန်၊ ပီတာချက်၊ အိုဘလက်ခ်၊ ဗဲလ်ဒက်စ်နဲ့ အိုလီဗာခန်း တို့ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)