“စပိန်ဒုတိယတန်းကလပ် အယ်လ်ဒန်ဆီအသင်းကို ဝယ်ယူနိုင်တော့မယ့် မက်ဆီ”

10 Sep

အင်တာမိုင်ယာမီတိုက်စစ်မှူး မက်ဆီ ဟာ စပိန်ဒုတိယတန်းကလပ် အယ်လ်ဒန်ဆီအသင်းကို ဝယ်ယူဖို့ မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အယ်လ်ဒန်ဆီ က လက်ရှိရာသီမှာ တစ်ကျော့ပြန် တန်းတက်လာတဲ့အသင်းဖြစ်ပြီး လက်ရှိအချိန်မှာ ကိုလံဘီယာရင်းနှီးမြှုပ်နှံမှုအဖွဲ့ Grupo TH က ပိုင်ဆိုင်ထားပါတယ်။ အယ်လ်ဒန်ဆီအသင်းက ၁၉၂၁ ခုနှစ်မှာ တည်ထောင်ပြီး အယ်လ်ဒါမြို့မှာ အခြေစိုက်ထားတဲ့အသင်းဖြစ်ပါတယ်။ မက်ဆီဟာ အယ်လ်ဒန်ဆီအသင်းရဲ့ ရှယ်ယာတွေကို ဝယ်ယူဖို့ သဘောတူညီမှုရရှိထားပြီဖြစ်ပြီး စပိန် အမျိုးသားအားကစားကောင်စီ(CSD)ရဲ့ ခွင့်ပြုချက်ရရှိဖို့သာ ကျန်ရှိတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကမှ အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝက အနားယူကြောင်း ကြေညာထားတဲ့ မက်ဆီ ဟာ စပိန်ပဉ္စမတန်း ကလပ် ကော်နယ်လာအသင်းကိုလည်း ဒီနှစ်အစောပိုင်းမှာ ဝယ်ယူထားပါတယ်။ (NVS 008)

10 Sep

ADVERTISE HERE .