“ချန်ပီယံလိဂ်ပွဲစဉ် ကိုင်တွယ်ခွင့်ရတဲ့ ပထမဆုံးအာဖရိကနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ယာယာတိုရေး”
10 Sep
ဆလိုဗန်အသင်းရဲ့နည်းပြ ယာယာတိုရေး ဟာ ချန်ပီယံလိဂ်ပွဲစဉ် ကိုင်တွယ်ခွင့်ရတဲ့ ပထမဆုံးအာဖရိက နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ယာယာတိုရေး ဟာ ဆလိုဗက်ကီးယားကလပ် ဆလိုဗန်အသင်းရဲ့နည်းပြအဖြစ် ဇွန်လကတည်းက ဆောင်ရွက်နေတာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံ PSG အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက်မှာ အာဖရိကလူမျိုး နည်းပြတွေ ကိုင်တွယ်ခွင့်ရဖူးခြင်းမရှိတာကြောင့် ယာယာတိုရေး က ပထမဆုံးအာဖရိကနည်းပြအဖြစ် မှတ်တမ်း ဝင်ခဲ့တာ ဖြစ်ပါတယ်။ ဆလိုဗန်အသင်းက ယာယာတိုရေး ကို နည်းပြသစ်အဖြစ် ဇွန်လက ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ၁၃ ပွဲ ကိုင်တွယ်နေကာ ချန်ပီယံလိဂ်ယှဉ်ပြိုင်ခွင့်ရဖို့ ခြေစစ်ပွဲဒုတိယအဆင့်ကတည်းက စတင်ဆင်နွှဲခဲ့ရတာဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ချန်ပီယံ PSG အသင်းက ဆလိုဗန်အသင်း ကို ၆ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ (NVS 008)