“ချန်ပီယံလိဂ်(၁၆)ပွဲဆက် ပွဲချိန်အတွင်း ရှုံးပွဲမရှိကစားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်း”

10 Sep

ပရီးမီးယားလိဂ်ထိပ်သီးကလပ် အာဆင်နယ်အသင်းအနေနဲ့ မိနစ် ၉၀ ပွဲချိန်အတွင်း ချန်ပီယံလိဂ် ၁၆ ပွဲဆက် ရှုံးပွဲမရှိကစားနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက်စံချိန်သစ်ကို ရယူနိုင်ခဲ့ပါတယ်။ ၃၆ သင်းပုံစံနဲ့ ပြောင်းလဲကျင်းပတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းဟာ ရှုံးပွဲမရှိ ပွဲအများဆုံးဆက် တိုက်ကစားနိုင်တဲ့ အသင်းအနေနဲ့လည်း မှတ်တမ်းဝင်နေပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီက စတင်ရေတွက်ပါက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ Clean Sheets အများဆုံးရယူနိုင်တဲ့အသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ပြီး (၁၀) ပွဲအထိ ပေးဂိုးမရှိအောင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ် အနေနဲ့လည်း ပြီးခဲ့တဲ့ရာသီအတွင်း ပြိုင်ပွဲစုံမှာ တစ်ဂိုးသာသွင်းနိုင်ခဲ့ပေမယ့် အခု ၂၀၂၆-၂၇ ရာသီ ၅ ပွဲကစားထားရာမှာ ၄ ဂိုးအထိသွင်းယူထားပါတယ်။ အာဆင်နယ် အသင်းဟာ အခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ (NVS 008)

10 Sep

ADVERTISE HERE .