“မကွေးမြို့ ကမ်းနားလမ်း၌ မြစ်ဧရာရှုခင်းသာ(Ayeyarwady River View Point Pavilion)ဖွင့်လှစ်”

10 Sep

မကွေးမြို့ ကမ်းနားလမ်းရှိ မြစ်ဧရာရှုခင်းသာ(Ayeyarwady River View Point Pavilion)ဖွင့်ပွဲကို စက်တင်ဘာလ ၉ ရက်နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါမြစ်ဧရာရှုခင်းသာကို မကွေးမြို့ပြ အင်္ဂါရပ်နှင့်အညီ မြစ်ကမ်းနားမြေကွက်လပ်များကိုစနစ်ကျ၍ လှပ၊ သန့်ရှင်း၊ သာယာပြီး လုံခြုံဘေးကင်းတဲ့ နေရာတစ်ခုဖြစ်လာစေရန်၊ ဒေသခံပြည်သူများ၊ မိသားစုများ၊ လူငယ်လူရွယ် များ နံနက်ခင်းနှင့် ညနေခင်းအချိန်တို့တွင် သဘာဝတရားနှင့် ထိတွေ့ကာ အနားယူအပန်းဖြေခြင်း၊ ကိုယ်လက် လှုပ်ရှားဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ရန်နှင့် ဧရာဝတီမြစ်ကမ်းအလှကို အခြေခံ၍ ခရီးသွားများကိုဆွဲဆောင်နိုင်မည့် မြို့ပြ၏ အထင်ကရနေရာတစ်ခုအဖြစ် ဖန်တီးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဖွင့်ပွဲမှာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ နယ်မြေခံလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ (NVS 008)

10 Sep

ADVERTISE HERE .