“ပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန် မော်တော်ယာဉ် စုံ/မ စနစ် ပယ်ဖျက်”

10 Sep

စက်သုံးဆီချွေတာသုံးစွဲရေးနှင့် ရေရှည်ဆီဖူလုံရေးအတွက် အချိန်ကာလတစ်ခုအတွင်း ကျင့်သုံးခဲ့တဲ့ မော်တော်ယာဉ် နံပါတ်ပြားအလိုက် “စုံ/မ” ခွဲခြားမောင်းနှင်သည့်စနစ်ကို ပြည်သူများ၏ နေ့စဉ်သွားလာရေးနှင့် လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေချောမွေ့စေရန် အစိုးရက ပြန်လည်ပယ်ဖျက်ပေးလိုက်ကြောင်း သိရပါတယ်။ အဆိုပါ“စုံ/မ”စနစ်ကို ကမ္ဘာ့စက်သုံးဆီဈေးကွက်နှင့် စက်သုံးဆီရရှိနိုင်မှုအခြေအနေများကို ထည့်သွင်း တွက်ချက်ကာ ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို လျှော့ချထိန်းညှိနိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှစတင် ကျင့်သုံးခဲ့ခြင်းဖြစ်ပါတယ်။ EV ယာဉ်များမှအပ ပုဂ္ဂလိကမော်တော်ယာဉ်များကို ယာဉ်နံပါတ်အလိုက် “စုံ” ရက်နှင့် “မ” ရက် သတ်မှတ်၍ တစ်ရက်ခြား မောင်းနှင်စေခဲ့ပါတယ်။ စနစ်စတင်ချိန်မှာ မတ်လ ၇ ရက်မှ ၁၃ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ခဲ့ပြီး မတ်လ ၁၄ ရက်မှစ၍ သတ်မှတ်ချက်များနှင့်အညီ ကျင့်သုံးခဲ့ပါတယ်။ “စုံ/မ” စနစ်ကို ကျင့်သုံးခဲ့တဲ့ကာလအတွင်း တစ်ရက်ခြားသာ မော်တော်ယာဉ်အသုံးပြုနိုင်ခြင်းကြောင့် ကျောင်းကြိုပို့ရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ သွားလာမှုများအပြင် စီးပွားရေးလုပ်ငန်းများနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများတွင် အခက်အခဲအချို့ ဖြစ်ပေါ်ခဲ့ပါတယ်။ မော်တော်ယာဉ်များကို စုံ/မ ရက်အလိုက် တစ်ရက်ခြား မောင်းနှင်ရတဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်လိုက် သော်လည်း စက်သုံးဆီဖြည့်တင်းရာမှာ အသုံးပြုတဲ့ QR Quota နှင့် စုံ/မ စနစ်မကို ဆက်လက်ကျင့်သုံးမည် ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

10 Sep

ADVERTISE HERE .