“ဓာတ်ရောင်ခြည်ကာကွယ်ရေး အရာရှိသင်တန်း တက်ရောက်လိုသူများ လျှောက်ထားနိုင်”
10 Sep
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနက ဖွင့်လှစ်မည့် ဓာတ်ရောင်ခြည်ကာကွယ်ရေး အရာရှိ(Radiation Protection Officer – RPO)သင်တန်း အပတ်စဉ်(၃)အတွက် သင်တန်းသားများ လျှောက်ထား နိုင်ကြောင်း သိရပါတယ်။ အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပါရမီလမ်းရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာမှာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား ၂၅ ဦး လက်ခံမှာ သင်ကြားပေးဖြစ်ပါတယ်။ သင်တန်းဝင်ခွင့်အတွက် သိပ္ပံဘွဲ့တစ်ခုခုရရှိထားပြီး အစိုးရ သို့မဟုတ် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများမှာ ဓာတ်ရောင်ခြည်နည်းပညာကိုအသုံးပြု၍ တာဝန်ထမ်းဆောင်နေသူများ လျှောက်ထားနိုင်မှာဖြစ်ပါ တယ်။ သင်တန်းချိန်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးဖွင့်ရက်များမှာ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိဖြစ်ပြီး သင်တန်းကာလတစ်လျှောက် အချိန်ပြည့်တက်ရောက်နိုင်သူများဖြစ်ရမှာ ဖြစ်ပါတယ်။ သင်တန်းကြေးအနေနဲ့ အစိုးရ ဝန်ထမ်းများအတွက် အခမဲ့ဖြစ်ပြီး ပုဂ္ဂလိကဝန်ထမ်းများအတွက်ငွေကျပ် ၃ သိန်း သတ်မှတ်ထားကြောင်းသိရပါတယ်။ (NVS 008)