“ရေကြည်မြို့ရေဘေးသင့်သူများအတွက်အသုံးအဆောင်နှင့်စားသောက်ကုန်များ ကြက်ခြေနီအသင်းမှထောက်ပံ့”
10 Sep
မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အိမ်ထောင်စုများကို လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများပေးအပ်လျက် ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နှင့် ၈ ရက်က ရေကြည်မြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများ အတွက် အသုံးအဆောင်ပစ္စည်းများကို ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ထောက်ပံ့ပေးခဲ့ပါတယ်။ အခုလိုထောက်ပံ့ရာမှာ ရေကြည်မြို့နယ် လှေတော်ရုံကျေးရွာ၊ သပြေခါးတောကျေးရွာ၊ အကြော်ကိုင်းကျေးရွာ၊ အကယ်ကြီးကြို့ကုန်းကျေးရွာ၊ ကုန်းတန်းကျေးရွာများမှ ရေဘေးသင့် အိမ်ထောင်စုပေါင်း ၃၁၂ စုမှ လူဦးရေပေါင်း ၉၅၀ ဦးအတွက် တာပေါ်လင်စ ၃၁၂ ချပ်၊ တကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၃၁၂ စုံ၊ စောင် ၃၁၂ ထည်၊ သောက်ရေပုံး ၃၁၂ ပုံးနှင့် အခြေခံစားကုန် ၃၁၂ စုံတို့ကို ထောက်ပံ့ပေးခဲ့ခြင်းကြောင်း သိရပါတယ်။ (NVS 008)