“အရှေ့ဂျေရုဆလင်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံး အစ္စရေးပိတ်သိမ်းမည်”

10 Sep

အရှေ့ဂျေရုဆလင်မြို့ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံး ပိတ်သိမ်းမည်ဖြစ်ကြောင်း အစ္စရေးအစိုးရက စက်တင်ဘာလ ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ အနောက်ဘက်ကမ်းဒေသ အစ္စရေးအခြေစိုက် အိမ်ရာစခန်းများမှ ထုတ်ကုန်များကို ပိတ်ပင်မည့် ဗြိတိန်၊ ပြင်သစ်၊ ကနေဒါတို့၏ ဆုံးဖြတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် အရှေ့ဂျေရုဆလင်ရှိ ဗြိတိန်ကောင်စစ်ဝန်ရုံးကို ပိတ်ပင် ရန် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်ထားခြင်းဖြစ်သည်။ ထို့ပြင် ဗြိတိန်အနေဖြင့် အမေရိကန်နိုင်ငံဦးဆောင်သည့် ဂါဇာကမ်းမြောင် စီမံခန့်ခွဲရေးမစ်ရှင်တွင်လည်း ဆက်လက်ပါဝင်ခွင့် ရှိမည်မဟုတ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆာ က ပြောကြားထားသည်။ အလားတူ လေဘာပါတီခေါင်းဆောင်ဟောင်း ဂျရမီကော်ဘင် အပါအဝင် ဗြိတိန်တာဝန်ရှိသူ အချို့ကိုလည်း အစ္စရေး နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပိတ်ပင်ရန် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက က စီစဉ်ထားသည်။ ဗြိတိန်၏ လုပ်ဆောင်ချက်များသည် အချုပ်အခြာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင် စွက်ဖက်မှုဖြစ်သည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားကြောင်းသိရသည်။

10 Sep

ADVERTISE HERE .