“ပြည်ပနိုင်ငံများသို့ ပုစွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉ သန်းကျော်ရရှိထား”

09 Sep

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပုစွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉ သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ၄ လတာအတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပုစွန်မက်ထရစ်တန် ၂,၉၅၆ ဒသမ ၆၃၆ တန် တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၄၄ သန်း ရရှိထားခဲ့တာဖြစ်ပါတယ်။ ပုစွန်တင်ပို့မှုကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ မက်ထရစ်တန် ၂,၈၂၀ ဒသမ ၃၀၁ တန် တင်ပို့ရာမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၈၈ သန်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ မက်ထရစ်တန် ၁၃၆ ဒသမ ၃၃၅ တန် တင်ပို့နိုင်ခဲ့ရာ အမေရိကန်ဒေါ်လာ ၀ ဒသမ ၇၅၆ သန်း ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ပြည်တွင်းမှထွက်ရှိသည့် ပုစွန်၊ ငါးအစရှိသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန် နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်း အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှလည်း တင်ပို့လျက်ရှိပါတယ်။ ဒါ့အပြင် ယခုဘဏ္ဍာနှစ် ပထမ ၄ လ တာအတွင်း ပြည်ပသို့ ပုစွန်အပါအဝင် ရေထွက်ကုန်ပစ္စည်းများတင်ပို့မှုမှာ စုစုပေါင်း မက်ထရစ်တန် ၉၉,၀၇၉ ဒသမ ၃၂ တန် ရှိပြီး အမေရိကန်ဒေါ်လာ ၁၇၂ ဒသမ ၈၀၅ သန်း ရရှိထားကြောင်းသိရပါတယ်။(NVS 008)

09 Sep

ADVERTISE HERE .