“ဥရောပနိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ကောက်ပဲသီးနှံများ ဆောလျင်စွာရင့်မှည့်လာသဖြင့် ရိတ်သိမ်းနေရ”

09 Sep

ဥရောပနိုင်ငံများတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ကောက်ပဲသီးနှံများ ဆောလျင်စွာရင့်မှည့်လာသဖြင့် ရိတ်သိမ်းနေရကြောင်း သတင်းများအရ သိရသည်။ ဥရောပတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ကောက်ပဲသီးနှံများ ရင့်မှည့်ချိန်နှင့် ရိတ်သိမ်းချိန်များ ယခင်ကထက် ပိုမိုစောလာကြောင်း၊ အထူးသဖြင့် ပြောင်းဖူး၊ ပဲစင်းငုံနှင့် ဂျုံ ကဲ့သို့သော ကောက်ပဲသီးနှံများသည် ၂၀၀၀ ပြည့်နှစ်ခန့်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ပိုမိုစောစီးစွာ ရင့်မှည့်လာပြီး ရိတ်သိမ်းနေရကြောင်း သိရသည်။ ဥရောပကော်မရှင်၏ အချက်အလက်များအရ ဥရောပသမဂ္ဂ၏ အချို့ဒေသများတွင် ကောက်ပဲသီးနှံများသည် ၂၀၀၀ ပြည့်နှစ်ကထက် ရင့်မှည့်ချိန် ရက် ၂၀ ခန့် စောလာခဲ့ကြောင်း၊ ထိုစဉ်က ပြောင်းသီးနှံရိတ်သိမ်းမှုကို စက် တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်ဝန်းကျင်၊ ဂျုံများကို ဩဂုတ်လ ၁၀ ရက်မှ ၁၅ ရက် ဝန်းကျင်အတွင်း ရိတ်သိမ်း လေ့ရှိသော်လည်း ယခုအခါ စက်တင်ဘာလဆန်းပိုင်း၊ ဇူလိုင်လကုန်ပိုင်းတွင်ပင် ရိတ်သိမ်းရသည့်အခြေအနေသို့ ရောက်ရှိလာကြောင်း တောင်သူများသမဂ္ဂ၏ ဥက္ကဋ္ဌဖြစ်သူ ဟာမန်းဂရိပ် က ပြောကြားခဲ့သည်။ အပူချိန်မြင့်တက်မှု အမြန်ဆုံးဖြစ်ပေါ်နေသည့် ကမ္ဘာ့တိုက်ကြီးများထံမှ တစ်ခုဖြစ်သည့် ဥရောပတိုက်သည် ယခုနှစ် မေလနှောင်းပိုင်းမှစတင်၍ အပူလှိုင်းများစွာ ဖြတ်သန်းမှုကိုရင်ဆိုင်ခဲ့ရပြီး ထိုသို့အပူချိန်မြင့်တက်မှုက သီးနှံ များရင့်မှည့်ချိန်ကို ပိုမိုစောလာစေခဲ့ကြောင်း၊ သို့သော် အပူချိန်မြင့်တက်မှုသည် သီးနှံများရင့်မှည့်ချိန်ကိုသာ စောစေခြင်းမဟုတ်ဘဲ သီးနှံအထွက်နှုန်းကိုလည်း ထိခိုက်စေနိုင်ကြောင်းသိရသည်။

09 Sep

ADVERTISE HERE .