“ငဝန်တာတမံ ပိတ်ဆို့ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဆောက်လုပ်ရေးဒုတိယဝန်ကြီး ကွင်းဆင်းစစ်ဆေး”

08 Sep

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံပိတ်ဆို့ ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းမှာ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ B.O.T စနစ်နဲ့ ဆောင်ရွက်လျက်ရှိတဲ့ ရန်ကုန် - ပုသိမ်လမ်း အခြေအနေ၊ လမ်းဘေး ဝဲ/ယာ ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများနှင့် ဟင်္သာတ - ဆုံကုန်း - မြန်အောင်လမ်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းနှင့် တလုတ္ထော် - လေးမျက်နှာ လမ်းပိုင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့က တာတမံပိတ်ဆို့ ကာရံနေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက တံတားအထူးအဖွဲ့ (၁၅) နှင့် (၁၆) တို့မှ Steel Sheet Pile / Stand Pipe များ ရိုက်သွင်းပြီးစီးမှု၊ Geo-bags အိတ်ကြီးများ ကရိန်းဖြင့် ချထားမှု၊ သောင်တူးစက်ကြီးများဖြင့် သဲမှုတ်တင်မှုနှင့် CB တွဲခွံအတွင်း သဲ၊ ကျောက် ထည့်သွင်း နစ်မြုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ တင်ပြချက်များနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးက ရေဝင်လမ်းကြောင်း ပိတ်ဆို့ကာရံခြင်းလုပ်ငန်းများ အမြန် ပြီးစီးရေး အရှိန်အဟုန်မပြတ်ဆောင်ရွက်ရန်၊ Steel Sheet Pile များကို Vibro-Hammer စက်ဖြင့် ရိုက်သွင်းခြင်းကို အရှိန်အဟုန်မပြတ်ဆောင်ရွက်သွားကြရန်၊ စက်ယန္တရားများအသုံးပြု၍ သဲအိတ်များ၊ Stand Pipe များနဲ့စနစ်တကျ ကာရံရန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် လုပ်ငန်းများဆောင်ရွက်မှုအဆင့် တိုင်းမှာ စနစ်တကျနှင့် ဆောလျင်စွာပြီးစီးရေး စီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါတယ်။ အဲဒီနောက် ဒုတိယဝန်ကြီးက Steel Sheet Pile/Stand Pipe များ ရိုက်သွင်းခြင်းလုပ်ငန်းများကို အသေးစိတ် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားရန် မှာကြားခဲ့ပါတယ်။ (NVS 008)

08 Sep

ADVERTISE HERE .