“တနင်္သာရီမြစ်ရေကျဆင်းသွားတာကြောင့် ပြည်ထောင်စုကားလမ်းမကြီး ပြန်လည်သွားလာနိုင်ပြီဖြစ်”
08 Sep
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့ရှိ တနင်္သာရီမြစ်ရေက စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းသွားပြီဖြစ်ပြီး ရေဖုံးလွှမ်းမှုကြောင့် ယာဉ်သွားလာမှု ပြတ်တောက်ခဲ့တဲ့ ပြည်ထောင်စုကားလမ်းမကြီးမှာ မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ လယ်တောင်ယာရွာပတ်ဝန်းကျင်မှာ ရေဖုံးလွှမ်းမှု ကြောင့် မော်တော်ယာဉ်များ ပိတ်မိခဲ့သော်လည်း စက်တင်ဘာလ ၅ ရက်မှစ၍ ရေပြန်လည်ကျဆင်းလာသဖြင့် ကား၊ ဆိုင်ကယ်နှင့် အခြားယာဉ်များ ပြန်လည်သွားလာနိုင်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ဒေသခံထောင်ပေါင်းများစွာ ရေဘေးသင့်ခဲ့ပြီး စာသင်ကျောင်းအချို့ ခေတ္တပိတ်ထားခဲ့ရသည့်အပြင် ပြည်ထောင်စုကားလမ်းမကြီး၏ နေရာအချို့မှာလည်း လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ခဲ့ပါတယ်။ လက်ရှိမှာ မြစ်ရေပြန်လည်ကျဆင်းလာမှုနှင့်အတူ လမ်းပန်းဆက်သွယ်ရေး အခြေအနေမှာလည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။ (NVS 008)