“လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲတဲ့ မြောင်းတကာစက်မှုဇုန်မှ SKY MAN သံရည်ကျိုလုပ်ငန်းစက်ရုံကိုပိတ်သိမ်း”

08 Sep

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ Control Center များမှစောင့်ကြည့်စစ်ဆေးချက်အရ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်မှ SKY MAN သံရည်ကျိုလုပ်ငန်း စက်ရုံကိုပိတ်သိမ်းခဲ့ကြောင်း သိရပါတယ်။ စက်တင်ဘာလ ၃ ရက်က မြောင်းတကာစက်မှုဇုန်ရှိ SKY MAN သံရည်ကျိုလုပ်ငန်းတွင်သုံးစွဲနေသော မီတာအမှတ်(YN-17431)၌ Alarm ပေါ်နေသဖြင့် တာဝန်ရှိသူများမှစစ်ဆေးပြီး မီတာကိုဖြုတ်ယူ၍ Test Lab ဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ မီတာအားပြုပြင်ပြီး ဓာတ်အားခိုးယူသုံးစွဲထားမှုကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရပါတယ်။ ဒါကြောင့် ၎င်းစက်ရုံကို ချက်ချင်းပိတ်သိမ်း၍ နိုင်ငံတော်က နစ်နာဆုံးရှုံးခဲ့သော လျှပ်စစ်ဓာတ်အား ယူနစ် ၂၃ ဒသမ ၃၆ သန်းအတွက် ကျသင့်လျော်ကြေးငွေကျပ် ၁၇ ဒသမ ၁၈၄ ဘီလီယံကို ပြန်လည်ပေးသွင်းစေပြီး မှော်ဘီမြို့မရဲစခန်းမှာ လျှပ်စစ်ဥပဒေနှင့်အညီအမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

08 Sep

ADVERTISE HERE .