“မန္တလေးတိုင်းဒေသကြီး ဘန်ဒါကျေးရွာမှာ နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေးစနစ်သစ်တပ်ဆင်”
08 Sep
မန္တလေးတိုင်းဒေသကြီး ဘန်ဒါကျေးရွာမှာ UNICEF Myanmar က နေရောင်ခြည်စွမ်းအင်သုံး ရေပေးဝေရေး စနစ်သစ် တပ်ဆင်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါရေပေးဝေရေးစနစ် ရရှိလာခြင်းက နေ့စဉ်ဘဝမှာ အရေးပါသော အပြောင်းအလဲတစ်ရပ် ဖြစ်လာခဲ့ပြီး သန့်ရှင်းသောရေ ရရှိသုံးစွဲနိုင်သည့်အပြင် မိသားစုအတွက် ကိုယ်ပိုင်သန့်စင်ခန်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ WASH ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာခြင်းကြောင့် ကလေးများ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်နိုင်ခြင်း၊ ဘေးကင်းသော တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများကို ကျင့်သုံးနိုင်ခြင်းတို့အပြင် သန့်ရှင်းသောရေရရှိရေးအတွက် နေ့စဉ်ရင်ဆိုင်နေရတဲ့ အခက်အခဲများ လျော့နည်းလာကြောင်း ဖော်ပြချက်အရ သိရပါတယ်။ UNICEF Myanmar ၏ ပံ့ပိုးကူညီမှုများမှတစ်ဆင့် ကလေးများနှင့် မိသားစုများအနေနဲ့ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဘဝတိုးတက်ရေးအတွက် လိုအပ်တဲ့ သန့်ရှင်းသောရေနှင့် မိလ္လာစနစ်ဆိုင်ရာ အခြေခံဝန်ဆောင်မှု များရရှိနိုင်ရေးကို အထောက်အကူပြုလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)