“ရေဘေးသင့်ပြည်သူများအတွက် PTTEP က ကျပ်သိန်း ၉၀၀ ကျော် ထောက်ပံ့ငွေပေးအပ်လှူဒါန်း”
08 Sep
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ရေဘေးသင့်ပြည်သူများအတွက် PTTEP International Limited (Yangon Branch)က ကျပ်သိန်း ၉၀၀ ကျော်တန်ဖိုးရှိ အရေးပေါ်ကူညီကယ်ဆယ်ရေး ထောက်ပံ့ငွေအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တရားဝင်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ အဆိုပါလှူဒါန်းမှုက ရေဘေးသင့်ဒေသများရှိ အရေးပေါ်ယာယီနေထိုင်ရေးဆိုင်ရာ လိုအပ်ချက်များနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများအတွက် လိုအပ်တဲ့ မိုးကာရွက်များနှင့် အိတ်ဆောင်ဆိုလာမီးဆိုင်းများကို ပံ့ပိုးပေး နိုင်ရန် အသုံးပြုသွားမှာဖြစ်ပါတယ်။ ယခုထောက်ပံ့မှုက ရေဘေးသင့်ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို အဓိကထားကူညီပံ့ပိုးခြင်းဖြစ်ပြီး ဒေသတွင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက် ရေးလုပ်ငန်းများမှာ အထောက်အကူပြုနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ (NVS 008)
08 Sep