“လေးမျက်နှာနှင့် ဟင်္သာတမြို့နယ်တို့ရှိ ကျေးရွာ ၈ ရွာမှာ လျှပ်စစ်မီးပြန်လည်ရရှိ”
08 Sep
ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်နှင့် ဟင်္သာတမြို့နယ်တို့ရှိ ရေပြန်လည်ကျဆင်းသွားသော ကျေးရွာ ၈ ရွာမှာ လျှပ်စစ်မီးပြန်လည် ရရှိပြီဖြစ်ကြောင်း သိရပါတယ်။ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာ၊ ဟင်္သာတမြို့နယ်၊ လဟာပကျေးရွာ၊ တောင်ပို့တန်းကျေးရွာ၊ ကညင်ငူကျေးရွာ၊ အုတ်ပုံကျေးရွာ၊ လယ်ဦးစုကျေးရွာ၊ ငနုတ်ဆည်ကျေးရွာ၊ သင်္ကန်းတောကျေးရွာတို့တွင် လျှပ်စစ်မီး ပြန်လည်ရရှိခဲ့ပြီဖြစ်ပါတယ်။ ရေကြီးရေလျှံမှုဖြစ်ပွားစဉ် ဒေသခံများ လျှပ်စစ်အန္တရာယ်မကြုံတွေ့စေရေးအတွက် သက်ဆိုင်ရာလျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားများကို ယာယီဖြတ်တောက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)
08 Sep