“မြောက်ကိုရီးယားနှင့်ရုရှား နှစ်နိုင်ငံဆက်ဆံရေးသင်္ကေတအဖြစ် ပထမဆုံးကားလမ်းပါတံတား စတင်ဖွင့်လှစ်”

08 Sep

မြောက်ကိုရီးယားနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် နှစ်နိုင်ငံကြား ပထမဆုံးကားလမ်းပါတံတားကို စက်တင်ဘာလ ၇ ရက်မှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ရုရှား TASS သတင်းဌာနက ဖော်ပြခဲ့သည်။ တူမန်မြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသည့် အဆိုပါတံတားသည် နှစ်နိုင်ငံစလုံး၏မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသည့်မှတ်တိုင်တစ်ခု ဖြစ်လာခဲ့သည်။ ထိုတံတားအသစ်သည် ၁၉၅၉ ခုနှစ် ကိုရီးယားစစ်ပွဲအပြီး စတင်အသုံးပြုခဲ့သည့် ချစ်ကြည်ရေးတံတားအမည်ရှိ မီးရထားလမ်းပါတံတားအနီးတွင် တည်ရှိနေသည်။ ရုရှားဝန်ကြီးချုပ် မီခေးမီရှုစတင်က ထိုတံတားဖွင့်လှစ်မှုသည် ခရီးသွားလုပ်ငန်းအပါအဝင် နယ်ပယ် အသီးသီးမှ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်စေပြီး အလုပ် အကိုင်အသစ်များကိုလည်း ဖန်တီးပေးနိုင်လိမ့်မယ်လို့ တံတားဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို တံတားတည်ဆောက်ရေးအတွက် နှစ်ပေါင်းများစွာဆွေးနွေးခဲ့ကြပြီး ၂၀၂၄ ခုနှစ်အတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် မြောက်ကိုရီးယားနိုင်ငံသို့သွားရောက်စဉ် သဘောတူညီမှုရပြီးနောက် ပြီးခဲ့သည့်နှစ် ဧပြီလမှာ တည်ဆောက် ရေးလုပ်ငန်းများ စတင်ခဲ့ခြင်းဖြစ်သည်ဟု ST သတင်းဌာနဖော်ပြချက်အရ သိရသည်။

08 Sep

ADVERTISE HERE .