NOVEL STAR မြဝတီမီဒီယာစင်တာ Novel Star News Agency ယနေ့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက် အတွက် ထူးခြားထင်ရှားသော Breakfast သတင်းများ

08 Sep

ဒေသတွင်း သတင်း ရန်ကုန်တက္ကသိုလ်၌ ပထမဆုံးအကြိမ် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လေ့ကျင့်ခန်း ပြုလုပ် ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးအကြိမ် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို ပြုလုပ်ခဲ့ပြီး ကျောင်းသား/သူများနှင့် ဝန်ထမ်းများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း၊ ရှေးဦးပြုစုခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ ထို့အပြင် နောင်တွင် အရေးပေါ်တုံ့ပြန်မှု အစီအစဉ်များ ပိုမိုကောင်းမွန်စေရန်အတွက် လေ့ကျင့်မှုကို ပြန်လည်သုံးသပ်ခဲ့ ကြသည်။ (သတင်းရင်းမြစ် - Global New Light of Myanmar) ကမ္ဘာ့သတင်း အမေရိကန်နှင့် မည်သည့် ဆွေးနွေးညှိနှိုင်းမှုမျှ ပြုလုပ်နေခြင်း မရှိကြောင်း ကျူးဘား ပြောကြား အစိုးရ နှစ်ဖွဲ့စလုံးအကြား တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေပြီး ကျူးဘားအပေါ် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ဖိအားပေးမှုများ ရှိနေစဉ် အာဗာနာ (ကျူးဘား) အနေဖြင့် ဝါရှင်တန်နှင့် မည်သည့် ဆွေးနွေးပွဲမျှ ပြုလုပ်နေခြင်း မရှိသကဲ့သို့ ဆွေးနွေးရန် အစီအစဉ်လည်း မရှိကြောင်း ကျူးဘား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ (သတင်းရင်းမြစ် - Reuters) စီးပွားရေးနှင့် ဘဏ္ဍာရေး ဘက်ထရီ သိုလှောင်မှု ထုတ်လုပ်ရေး စီမံကိန်းအသစ်များ အတည်ပြုပေးမှုကို တရုတ် ခေတ္တဆိုင်းငံ့ တရုတ်အာဏာပိုင်များသည် ထုတ်လုပ်မှု ပမာဏ လျင်မြန်စွာ တိုးချဲ့လာမှုကို အသေးစိတ် စိစစ်လျက်ရှိသဖြင့် စွမ်းအင်သိုလှောင်သည့် ဘက်ထရီ ထုတ်လုပ်ရေး စီမံကိန်းအသစ်အချို့ ခွင့်ပြုပေးမှုကို ခေတ္တဆိုင်းငံ့ထားသည်။ အဆိုပါ အရေးယူဆောင်ရွက်ချက်သည် ကမ္ဘာ့အကြီးဆုံး ဘက်ထရီထုတ်လုပ်မှု စက်မှုလုပ်ငန်းတစ်ခုလုံးရှိ ရင်းနှီး မြှုပ်နှံမှု အစီအစဉ်များကို ရိုက်ခတ်နိုင်ဖွယ် ရှိသည်။ (သတင်းရင်းမြစ် - Reuters) နည်းပညာ Apple ပွဲမတိုင်မီ Huawei နှင့် Xiaomi တို့ ခေါက်စမတ်ဖုန်းသစ်များ မိတ်ဆက် တရုတ်နိုင်ငံ၏ အဆင့်မြင့် စမတ်ဖုန်းဈေးကွက်တွင် ပြိုင်ဆိုင်မှု ပြင်းထန်လာသည်နှင့်အမျှ Huawei နှင့် Xiaomi တို့သည် အထင်ကရအဖြစ်ဆုံး ခေါက်စမတ်ဖုန်းသစ်များကို ထုတ်ဖော်ပြသခဲ့ကြသည်။ အဆိုပါ မိတ်ဆက်မှု များသည် Apple ၏ နောက်ဆုံးပေါ် ထုတ်ကုန်မိတ်ဆက်ပွဲ မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်ပြီး တရုတ်အမှတ်တံဆိပ် များ၏ အဆင့်မြင့် စက်ပစ္စည်းကဏ္ဍသို့ ထိုးဖောက်ဝင်ရောက်မှုကို ပေါ်လွင်စေသည်။ (သတင်းရင်းမြစ် - Reuters) နိုင်ငံရေး အမေရိကန် အထက်လွှတ်တော် ထိန်းချုပ်ခွင့်အတွက် အရေးပါသော အပြိုင်အဆိုင် မဲဆန္ဒနယ် ၉ ခု ထွက်ပေါ်လာ လာမည့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲတွင် အမေရိကန် အထက်လွှတ်တော် ထိန်းချုပ်ခွင့်ရရှိရန် အတွက် ဒီမိုကရက်များအနေဖြင့် ရီပတ်ဘလစ်ကန်တို့ ရရှိထားသော အာဏာရ အမတ်နေရာ ၄ နေရာကို အသာရရှိ ရန် လိုအပ်မည်ဖြစ်သည်။ ပြိုင်ဆိုင်မှု ပြင်းထန်သော မဲဆန္ဒနယ် အနည်းငယ်က မည်သည့်ပါတီက လွှတ်တော်ကို ထိန်းချုပ်မည်ဆိုသည်ကို အဆုံးအဖြတ်ပေးမည်ဟု မျှော်လင့်ရသည်။ (သတင်းရင်းမြစ် - Reuters) ကျန်းမာရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါ ကူးစက်မှု မြင့်တက်လာပြီး ဆေးရုံများ ဝန်ထုတ်ဝန်ပိုး ဖြစ်ပေါ်နေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက်ရောက်ရသူ ၄၂,၀၀၀ ကျော် နှင့် သေဆုံးသူ ၁ဝဝ ကျော်ရှိခဲ့ပြီး ခြင်ပေါက်ဖွားရန် သင့်တော်သော ရာသီဥတု ဆက်လက်ဖြစ်ပေါ်နေသဖြင့် ဆေးရုံ တက်ရောက်ရမှုများ အလျင်အမြန် မြင့်တက်လာနေသည်။ ဒါကာနှင့် အခြားဒေသများရှိ ဆေးရုံများသည် လူနာဦးရေ တိုးပွားလာမှုကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည်။ (သတင်းရင်းမြစ် - Reuters) သိပ္ပံ အပူပိုင်း မုန်တိုင်း ခန့်မှန်းချက်များကို တစ်ရက် ကြိုတင်သတိပေးနိုင်သည့် AI မော်ဒယ် သုတေသီများ စမ်းသပ် AI ခန့်မှန်းရေး စနစ်တစ်ခုသည် အပူပိုင်း မုန်တိုင်းများ၏ လမ်းကြောင်းနှင့် အရှိန်ပြင်းအားကို တိကျစွာ ခန့်မှန်း ပေးနိုင်ပြီး အသုံးဝင်သော သတိပေးချက်ကို အပိုဆောင်း ၁ ရက်ခန့် ကြိုတင်ပေးစွမ်းနိုင်ကြောင်း သုတေသီများက ပြောကြားခဲ့သည်။ စောစီးစွာ စိတ်ချရသော ခန့်မှန်းချက်များရရှိခြင်းက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းနှင့် သဘာဝ ဘေး ကြိုတင်ပြင်ဆင်ရေး ဆုံးဖြတ်ချက်များကို ပိုမိုကောင်းမွန်စေမည်ဖြစ်သည်။ (သတင်းရင်းမြစ် - Nature) အားကစား ကဏ္ဍ ဖီဖာဥက္ကဋ္ဌ အင်းဖန်တီနိုအပေါ် ဘယ်ဂျီယံ ထောက်ခံမှု ဆိုင်းငံ့ထား ဘယ်ဂျီယံ လက်ရွေးစင် ကစားသမား Folarin Balogun အနီကတ်ပြသခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ကျေနပ်ဖွယ် အဖြေမရရှိမချင်း ဖီဖာဥက္ကဋ္ဌ Gianni Infantino အား နောက်ထပ် သက်တမ်းတစ်ခုအတွက် ထောက်ခံ မည်မဟုတ်ကြောင်း ဘယ်ဂျီယံနိုင်ငံက ပြောကြားခဲ့သည်။ (သတင်းရင်းမြစ် - Reuters) ဖျော်ဖြေရေးနှင့် အနုပညာ 'Widow's Bay' ဇာတ်လမ်းတွဲ အစောပိုင်း အကယ်ဒမီဆုပေးပွဲတွင် ဆု ၈ ဆုဖြင့် အသာရရှိ Apple TV ၏ သရဲနှင့် ဟာသ ရောနှောထားသော 'Widow's Bay' ဇာတ်လမ်းတွဲသည် အစောပိုင်း အကယ်မီဆုပေးပွဲတွင် ဆု ၈ ဆု ရရှိခဲ့ပြီး 'The Pitt' ဇာတ်လမ်းတွဲက ဆု ၄ ဆု ရရှိခဲ့ကာ ပင်မဆုပေးပွဲကြီး မတိုင်မီ ပရိသတ်စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့သည်။ (သတင်းရင်းမြစ် - AP) ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် အီတလီနိုင်ငံ၌ နှစ်ပေါင်း ၇၅ နှစ်ကျော်အတွင်း အပူဆုံး နွေရာသီ စံချိန်တင်ခဲ့ အီတလီနိုင်ငံ၏ ပျမ်းမျှ နွေရာသီ အပူချိန်သည် ၂၄.၃ ဒီဂရီ ဆဲလ်စီးယပ်စ်သို့ ရောက်ရှိခဲ့ရာ ၁၉၅ဝ ပြည့်နှစ် စံချိန်တင်စတင်ချိန်မှစ၍ အမြင့်ဆုံး ဖြစ်ခဲ့ပြီး တောင်ပိုင်း ဥရောပတစ်ခွင် အပူချိန်မြင့်တက်လာမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများကို ပေါ်လွင်စေသည်။ (သတင်းရင်းမြစ် - Reuters) ခရီးသွားလာရေး ကဏ္ဍ Airbnb ပုံစံ အိမ်ငှားရမ်းမှုများကို တင်းကြပ်ရန် ဥရောပသမဂ္ဂ မူကြမ်းပြင်ဆင် ဥရောပသမဂ္ဂ၏ အဆိုပြု မူကြမ်းသစ်များအရ အိမ်ရာ လိုအပ်ချက်နှင့် ကမ္ဘာလှည့်ခရီးသွား များပြားမှု ပြဿနာများ ရင်ဆိုင်နေရသော ဒေသများတွင် ရေတို အိမ်ငှားရမ်းမှုများကို ကန့်သတ်ရန် အာဏာပိုင်များအား ပိုမို အခွင့်အာဏာ ပေးအပ်မည်ဖြစ်သည်။ (သတင်းရင်းမြစ် - Reuters) နေထိုင်မှုပုံစံနှင့် ကျန်းမာရေး ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ တည်ဆောက်ရန် 'Wellness Stacking' နည်းလမ်း စိတ်ဝင်စားမှု မြင့်တက် ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်သစ်တစ်ခုကို လက်ရှိပြုလုပ်နေကျ ပုံမှန်အလုပ်တစ်ခုနှင့် ပူးတွဲလုပ်ဆောင် ခြင်းသည် စိတ်ဓာတ်ခွန်အားတစ်ခုတည်းအပေါ် မှီခိုသည်ထက် အလေ့အကျင့်မြဲရန် ပိုမိုလွယ်ကူစေကြောင်း စိတ်ပညာရှင်များက ဆိုသည်။ (သတင်းရင်းမြစ် - Yahoo) ပညာရေး ကဏ္ဍ အိန္ဒိယ ဆေးဘက်ဆိုင်ရာ စာမေးပွဲဘုတ်အဖွဲ့က NEET PG အဖြေလွှာများ ထုတ်ပြန်မည် ဘွဲ့လွန် ဆေးပညာသင်တန်း လက်ခံရေး လုပ်ငန်းစဉ်တွင် ပွင့်လင်းမြင်သာမှု ပိုမိုရှိစေရန် တရားလွှတ်တော် ချုပ်၏ အမိန့်အရ NBEMS သည် NEET PG 2026 အဖြေလွှာများနှင့် အမှတ်အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ရန် ပြင်ဆင်လျက်ရှိသည်။ (သတင်းရင်းမြစ် - The Indian Express) ဥပဒေနှင့် တရားစီရင်ရေး ဒေါ်လာ ၂၄၀ သန်းတန် ဘစ်ကွိုင် ခိုးယူမှု သံသယရှိသူ အပြစ်ရှိကြောင်း ဝန်ခံရန် မျှော်လင့်ရ အမေရိကန် သမိုင်းတွင် အကြီးမားဆုံး ခရစ်ပတိုကာရင်စီ ခိုးယူမှုတစ်ခုတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရ သော အသက် ၂၂ နှစ်အရွယ် စင်ကာပူနိုင်ငံသားသည် အပြစ်ရှိကြောင်း ဝန်ခံလိမ့်မည်ဟု မျှော်လင့်ရသည်။ (သတင်းရင်းမြစ် - AP) မော်တော်ယာဉ် ကဏ္ဍ ဥရောပ EV ဈေးကွက် ပြိုင်ဆိုင်မှု ပြင်းထန်ချိန် Audi က A2 e-tron မိတ်ဆက် Audi သည် တစ်ကြိမ် အားသွင်းရုံဖြင့် ၆၄၆ ကီလိုမီတာ အထိ မောင်းနှင်နိုင်သော A2 e-tron အမျိုးအစား လျှပ်စစ်ကားငယ်ကို ထုတ်ဖော်ပြသခဲ့ပြီး ဒီဇင်ဘာလမှစ၍ စတင် ပေးပို့သွားမည် ဖြစ်သည်။ (သတင်းရင်းမြစ် - Reuters) မော်တော်ယာဉ် ကဏ္ဍ Jaguar Land Rover ဝန်ထမ်း အလုပ်နေရာ ၄,၀၀၀ လျှော့ချရန် စီစဉ် Jaguar Land Rover သည် အမေရိကန်၏ အခွန်တိုးမြှင့်မှု၊ ရောင်းအား လျော့ကျမှုတို့ကြောင့် ၂ နှစ်အတွင်း ဝန်ထမ်းအလုပ်နေရာ ၄,၀၀၀ ခန့်ကို လျှော့ချသွားမည် ဖြစ်သည်။ (သတင်းရင်းမြစ် - AP)

08 Sep

ADVERTISE HERE .