“ခွန်ခမာပွဲမှာ ကမ္ဘောဒီးယားဖိုက်တာကို အလဲထိုးအနိုင်ရရရှိခဲ့တဲ့ စောဘဟိန်း”

07 Sep

မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာတစ်ဦးဖြစ်တဲ့ စောဘဟိန်း ဟာ ခွန်ခမာပြိုင်ပွဲမှာ ကမ္ဘောဒီးယားဖိုက်တာကို အလဲထိုးနဲ့ အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။ ခွန်ခမာပြိုင်ပွဲကို စက်တင်ဘာလ ၅ ရက်ညပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲမှာ တွဲဆိုင်းပေါင်း ၆ ဆိုင်းထည့်သွင်းကျင်းပခဲ့ပြီး မြန်မာဖိုက်တာ စောဘဟိန်းက အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ကမ္ဘောဒီးယားလူငယ်ဖိုက်တာ ရစ်ကီဆန်းထောင်နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပါတယ်။ မြန်မာဖိုက်တာ စောဘဟိန်းနဲ့ ကမ္ဘောဒီးယားဖိုက်တာ ရစ်ကီဆန်းထောင်တို့ဟာ ခွန်ခမာ ၆၅ ကီလိုတန်းမှာ သုံးမိနစ်၊ သုံးချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ပထမအချီစကတည်းက ကမ္ဘောဒီးယားဖိုက်တာ ရစ်ကီဆန်းထောင်က တိုက်စစ်ဖွင့်ကစားခဲ့ပြီး နင်းခြေ၊ ညာခြေအမြင့် ကန်ချက်များနဲ့ လူချင်းအပူးမှာ ဒူးတိုက်ချက်၊ တံတောင်ရိုက်ချက်များကို အသုံးပြုကာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပါတယ်။ ဒုတိယအချီအစ လူချင်းအပူးမှာ စောဘဟိန်းရဲ့ အမှတ်မထင် တောင်ရိုက်ချက်ကြောင့် ကမ္ဘောဒီးယားဖိုက်တာ ပြန်မထနိုင်တော့ပဲ အရှုံးပေးခဲ့ရပါတယ်။ (NVS 008)

07 Sep

ADVERTISE HERE .