“ဝါရင့်တိုက်စစ်မှူး ဗာဒီ ကို ရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့တဲ့ ဘန်လေအသင်း”
07 Sep
ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ လိဂ်ချန်ပီယံရှစ်ကလပ် ဘန်လေအသင်းဟာ ဝါရင့်အင်္ဂလန်တိုက်စစ်မှူး ဂျေမီဗာဒီ ကို ရာသီကုန်အထိ စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ဗာဒီ ဟာ ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေကလပ် ခရီမိုနီဆီအသင်းအတွက် ယှဉ်ပြိုင် ကစားခဲ့ပြီး ရာသီကုန်ချိန်မှာ အသင်းတန်းဆင်းခဲ့ရတာကြောင့် လမ်းခွဲခဲ့တာဖြစ်ပါတယ်။ ဗာဒီ ဟာ လက်စတာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး ၂၀၁၉-၂၀ ရာသီမှာ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကိုလည်း သွင်းဂိုး ၂၃ ဂိုးနဲ့ ရယူနိုင်ခဲ့ပါတယ်။ ဗာဒီ က ကစားသမားဘဝက အနားယူဖို့ ဆန္ဒမရှိသေးတာကြောင့် ဘန်လေအသင်းနဲ့အတူ လိဂ်ချန်ပီယံရှစ်မှာ ယှဉ်ပြိုင်ကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)
07 Sep