“ရန်ကုန်-ချုံချင့် တိုက်ရိုက်လေကြောင်းခရီးစဉ် တစ်ပတ် ၄ ကြိမ်အထိ တိုးချဲ့ပျံသန်းမည်”

07 Sep

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြို့တို့အကြား ပြေးဆွဲနေသည့် တိုက်ရိုက်လေကြောင်းခရီးစဉ် များကို လာမယ့်အောက်တိုဘာလ ၂၅ ရက်မှစတင်ကာ တစ်ပတ်လျှင် ၄ ကြိမ်အထိ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ ရန်ကုန်-ချုံချင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များကို တစ်ပတ်လျှင် ၂ ကြိမ် ပြေးဆွဲပေးလျက်ရှိရာမှ အောက်တိုဘာလ ၂၅ ရက်မှစတင်၍ တစ်ပတ်လျှင် ၄ ကြိမ်အထိ တိုးမြှင့်ပြေးဆွဲရန် စီစဉ်ထားခြင်းဖြစ်ပါတယ်။ တိုးချဲ့ပြေးဆွဲမည့် လေကြောင်းခရီးစဉ်များကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့တို့မှာ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်နှင့် ချုံချင့်မြို့တို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်မှ စတင်ကာ ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ယခုအခါ ခရီးစဉ်အကြိမ်ရေကို ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်ပါတယ်။ အဆိုပါ လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲလာခြင်းကြောင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ခရီးသွားလာမှုများအပြင် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်သွယ်သွားလာမှုများအတွက် ပိုမိုအဆင်ပြေလာနိုင်မှာ ဖြစ်ပါတယ်။ (NVS 008)

07 Sep

ADVERTISE HERE .