“ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုအဆင်ပြေရေး ပြည်သူ့ဆေးရုံများ အဆင့်မြှင့်တင် ဆောင်ရွက်နေ”

07 Sep

ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသမှုများကို ပိုမိုအဆင်ပြေစွာ ရရှိနိုင်စေရန်အတွက် ပြည်သူ့ဆေးရုံများကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆေးကောင်စီနာယက ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက စက်တင်ဘာလ ၅ ရက်နံနက်ပိုင်း မြန်မာ နိုင်ငံဆေးကောင်စီရုံး အစည်းအဝေးခန်းမမှာကျင်းပတဲ့ မြန်မာနိုင်ငံဆေးကောင်စီအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (၂/၂၀၂၆)မှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပုဂ္ဂလိကကဏ္ဍ၏ အခန်း ကဏ္ဍကို ပိုမိုထိရောက်စွာအကောင်အထည်ဖော်နိုင်ရေး စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အရည်အသွေးပြည့်ဝတဲ့ ဆရာဝန်များ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ ဆေးပညာသင်ကြားရေးလုပ်ငန်းများအတွက် လိုအပ်တဲ့ ခေတ်မီသင်ထောက်ကူပစ္စည်းများကိုလည်း နိုင်ငံတော်က ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရပါတယ်။ အစည်းအဝေးတွင် ဝန်ထမ်းရေးရာကိစ္စရပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးခြင်း၊ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး(၁/၂၀၂၆)၏ ဆုံးဖြတ်ချက်များကို အတည်ပြုခြင်းနှင့် လေးလတာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးအတည်ပြုခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

07 Sep

ADVERTISE HERE .