“ပုသိမ်မြို့ မြို့တော်ခန်းမမှာ တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာကျင်းပ”

07 Sep

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့တော်ခန်းမမှာ စက်တင်ဘာလ ၆ ရက်နံနက်ပိုင်းတွင် တိုင်းဒေသကြီး အဆင့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တက်ရောက် ခဲ့ကြောင်း သိရပါတယ်။ လက်ချည်ပွဲအခမ်းအနားမှစတင်ပြီး မိမိတို့၏ရိုးရာယဉ်ကျေးမှုများကို ပိုမိုတန်ဖိုးထားထိန်းသိမ်းကြရန်၊ လူငယ်များထံသို့ လက်ဆင့်ကမ်းပေးကြရန်နှင့် တိုင်းရင်းသားအချင်းချင်း ချစ်ခင်လေးစားမှု၊ နားလည်မှုနှင့် စည်းလုံး ညီညွတ်မှုများ ပိုမိုခိုင်မာလာစေရေးဆောင်ရွက်ရန်တို့ကို တိုင်းဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ အဲဒီနောက် ဘိုး/ဘွားများက တိုင်းဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများကို ကရင်ရိုးရာချည်ဖြူဖွဲ့ပေးခဲ့ကြပြီး ကရင်တိုင်းရင်းသားရိုးရာ အကများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရပါတယ်။

07 Sep

ADVERTISE HERE .