“အာရှလမ်းမကြီးရှိ နဘယသုခစေတီတော်ကို ရွှေထီးတော်အသစ်ပြန်လည်တင်လှူပူဇော်မည်”
07 Sep
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွားကားလမ်း၏ ကွမ်းခြံကွေ့ရှိ နဘယသုခစေတီတော်ကို ပြန်လည် ပြုပြင်မွမ်းမံ၍ ရွှေထီးတော်အသစ်ပြန်လည်တင်လှူပူဇော်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ စက်တင်ဘာလ ၆ ရက်နံနက်ပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက စေတီတော်မြတ်ကြီးကို ပြန်လည် ပြုပြင်မွမ်းမံနိုင်ရေးအတွက် မြဝတီမြို့ ငွေဟင်္သာဆရာတော်ထံမှ သြဝါဒခံယူပြီး ပြန်လည်ပြုပြင် မွမ်းမံရမည့် အခြေအနေများကို ကြည့်ရှုခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် စေတီတော်မြတ်ကြီးကို ထီးတော်အသစ် ပြန်လည်တင်လှူပူဇော်ရန်နှင့် ဘက်စုံပြုပြင်မွမ်းမံနိုင်ရန် တို့အတွက် အလှူငွေများကို ဆရာတော်ကြီးထံဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ထို့အတူ လုံခြုံရေး အဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင်များ၊ ဒေသခံများကလည်း စေတီတော်မြတ်ကြီးကို သန့်ရှင်းရေး ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)