“မြစ်ကြီးနားမြို့အဝင်ကုန်စစ်ဆေးရေးစခန်းမှာ ယာဉ်စစ်ဆေးရေးစင် အမြန်ဆုံးတည်ဆောက်ရန်မှာကြား”

07 Sep

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အဝင်ကုန်စစ်ဆေးရေးစခန်း၌ ယာဉ်စစ်ဆေးရေးစင် အမြန်ဆုံးတည်ဆောက် ရန် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က မြစ်ကြီးနားမြို့အဝင်ကုန်စစ်ဆေးရေးစခန်း လုပ်ငန်းဆောင်ရွက်နေမှု များကို စက်တင်ဘာလ ၃ ရက်မှာ ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့တာဖြစ်ပါတယ်။ ကြည့်ရှုစစ်ဆေးစဉ် လုပ်ငန်းများဆောင်ရွက်ရာမှာ မှန်ကန်မြန်ဆန်စွာဆောင်ရွက်ရန်၊ အထူးသဖြင့်ဒေသတွင်း စားသောက်ကုန်များပြတ်လပ်မှု မဖြစ်ပေါ်စေရေးခွင့်ပြုထားသော ကုန်ပစ္စည်းများကို သတ်မှတ်ညွှန်ကြားချက်များနှင့် အညီစစ်ဆေးခွင့်ပြုရန် မှာကြားပါတယ်။ ဒါ့အပြင် စစ်ဆေးရေးခြံဝင်းအတွင်း ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်တဲ့ မော်တော်ယာဉ်ကြီးများ စနစ်တကျ ရပ်နား၍ ကုန်စစ်ဆေးမှုလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်ရန်နှင့် ယာဉ်စစ်ဆေးရေးစင် အမြန်ဆုံးတည်ဆောက်ရန် မှာကြားခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးလုပ်ငန်းများလျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ တရားမဝင်ကုန်စည်များ ဝင်ရောက်မှုမရှိစေရေးနှင့် နိုင်ငံတော်မှ ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေများ ရရှိရေးအတွက် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်း မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းဖွင့်လှစ်၍ ကုန်သွယ်မှု လုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။ (NVS 008)

07 Sep

ADVERTISE HERE .