“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်”

07 Sep

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က စက်တင်ဘာလ ၆ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပတဲ့ မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ပါတယ်။ အဆိုပါဖိုရမ်သို့ မြန်မာနှင့်ဗီယက်နမ်နိုင်ငံတို့မှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူ များ တက်ရောက်ကြပြီး နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်။ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးက ယခုနှစ်မှာ နှစ် ၅၀ ပြည့် ရွှေရတုသက်တမ်းသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံက ၂၀၁၇ ခုနှစ်မှစ၍ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့် တည်ဆောက်ခဲ့ကြပါတယ်။ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍမှာ ဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံ၏ အရေးပါတဲ့ ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၁၀ ဒသမ ၁၁၉ သန်းကျော် ရှိခဲ့ပါတယ်။ ဒါ့အပြင် ဗီယက်နမ်နိုင်ငံက မြန်မာနိုင်ငံမှာ သတ္တမမြောက် အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၅၃ ဘီလီယံကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၀ ခန့်ဆောင်ရွက် လျက်ရှိပါတယ်။ ယခုကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်က နှစ်နိုင်ငံအကြားရှိရင်းစွဲ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ ဆက်ဆံရေးကို ပိုမိုအားကောင်းစေပြီး အနာဂတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ရေးအတွက် အထောက်အကူပြုမည့် ဖိုရမ်တစ်ရပ်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

07 Sep

ADVERTISE HERE .