“Mytel Myanmar လုပ်ငန်းသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်းတစ်ခုဖြစ်ကြောင်း ပြောကြား”

07 Sep

Mytel Myanmar လုပ်ငန်းသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင် နေပြီး မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်းတစ်ခု ဖြစ်ကြောင်း မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က စက်တင်ဘာလ ၆ ရက် ဟနွိုင်းမြို့၌ ကျင်းပခဲ့တဲ့ “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်” တွင်ပြောကြားခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် စားသောက်ကုန်များကို ဗီယက်နမ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချပြီး ဗီယက်နမ် နိုင်ငံမှ ဓာတ်မြေဩဇာ၊ ပလတ်စတစ်ထုတ်ကုန်များ၊ မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ၊ သံမဏိထုတ်ကုန်များကို အဓိကတင်သွင်းလျက်ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းစေရန်အတွက်လည်း အဓိကကျသည့် မောင်းနှင်အားတစ်ရပ်ဖြစ်ပြီး ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့တွင် အဓိကဆောင်ရွက်နေကြပြီး သတ္တု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။ ထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ရပ်အနေနဲ့ ၂၀၁၈ ခုနှစ်မှာစတင်ခဲ့တဲ့ Mytel Myanmar လုပ်ငန်းက မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ အရေးပါတဲ့အခန်း ကဏ္ဍတွင် ပါဝင်နေကာ နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှုရဲ့ စံနမူနာကောင်းတစ်ခုဖြစ် ကြောင်း သိရပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း နှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ခဲ့ပြီး စက်တင်ဘာလ ၆ ရက် မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ (NVS-004)

07 Sep

ADVERTISE HERE .