ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ မြည်းပုသားပေါက်လေး အောင်မြင်စွာ မွေးဖွား

06 Sep

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် နံနက် ၆:၃၀ နာရီအချိန်၌ ချစ်စရာ ကောင်းသော မြည်းပု (Donkey) သားပေါက်လေးတစ်ကောင်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မြည်းပုလေးမွေးဖွားနိုင်ရေးအတွက် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူများ၏ဂရုတစိုက်ပြုစုမှု၊ စနစ် တကျ အစာကျွေးမွေးမှု၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စနစ်တကျ မျိုးပွား စီမံခန့်ခွဲမှုတို့နဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် မွေးကင်းစ မြည်းပုလေးအား မိခင်နှင့်အတူ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေရန်အတွက် သင့်တော်သော အာဟာရ၊ နေထိုင်ရာပတ်ဝန်းကျင်နှင့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို စနစ်တကျ မပျက်မကွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး သားပေါက်လေးမွေးဖွားနိုင်ခြင်းသည် တိရစ္ဆာန်ချစ်သူများအတွက် ဝမ်းမြောက်စရာတစ်ခုအဖြစ်သာမက တိရစ္ဆာန်ဥယျာဉ်၏စနစ်တကျမျိုးပွားထိန်းသိမ်းရေးနှင့်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များအတွက်လည်း အောင်မြင်သည့် ရလဒ်ကောင်းတစ်ခုဖြစ်ပါတယ်။ (NVS 004)

06 Sep

ADVERTISE HERE .