ကလောမြို့ရှိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားနေရာတွင် တံတားအသစ် ပြန်လည် တည်ဆောက်မည်
06 Sep
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက်မှု ကြောင့် ပျက်စီးသွားခဲ့သည့် သံကွန်ကရစ်တံတားနေရာတွင် အစားထိုးတံတားသစ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ကလောမြို့နယ်၊ အင်းပြင်ကျေးရွာအနီးရှိ ပျက်စီးသွားတဲ့ အဆိုပါတံတားနေရာတွင် ရာသီမရွေး သွားလာနိုင်ရေးအတွက် အမြဲတမ်းတံတားသစ် ဒီဇိုင်းပုံစံများ ရေးဆွဲခြင်းနှင့်ယာယီတံတားတည်ဆောက်ထားရှိမှုအခြေအနေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။ လက်ရှိတွင် ဒေသခံများ သွားလာရေးအဆင်ပြေစေရန် ယာယီတံတားဖြင့် ထိန်းသိမ်းဆောင်ရွက်ထားပြီး ဒေသထွက်စိုက်ပျိုးရေးထုတ်ကုန်များနှင့် ကလော-ဟဲဟိုးဒေသတွင်း ဟင်းသီးဟင်းရွက်အခြောက်ခံစက်ရုံများမှ ကုန်စည်စီးဆင်းမှု ပုံမှန်လည်ပတ်နိုင်ရေးအတွက် အမြဲတမ်းတံတားသစ်ကို အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)