နိုင်ငံတော်သမ္မတ ဗီယက်နမ်နိုင်ငံ၊ ဟနွိင်းမြိုရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား

06 Sep

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် စက်တင်ဘာလ ၆ ရက်၊ နံနက်ပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိင်းမြို့ရှိ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံရုံး၊စစ်သရုံးမှသံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းများ၊မိသားစုဝင်များ၊သင်တန်းသားများနှင့်တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ အဖွဲ့ဝင်များအဖြစ်လိုက်ပါလာသော ပြည်ထောင်စုဝန်ကြီး များနှင့်တာဝန်ရှိသူများ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့်သံရုံးဝန်ထမ်း များ၊မိသားစုဝင်များ၊ သင်တန်းသားများ တက်ရောက်ကြပါတယ်။ (NVS 004)

06 Sep

ADVERTISE HERE .