“အာဆင်နယ်အသင်းက အီလီမန်အန်ဒီယာယီ ကိုခေါ်ယူရန် စီစဉ်”

25 Aug

အာဆင်နယ်အသင်းက အဲဗာတန်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား အီလီမန်အန်ဒီယာယီ ကို ခေါ်ယူရန် စီစဉ်လျက်ရှိပါတယ်။ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား အန်ဒီယာယီ ဟာ အဲဗာတန်အသင်းနှင့်အတူ ၂၀၂၄-၂၀၂၅ မှ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၇၁ ပွဲ ကစားပြီး ၁၇ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။ အဲဗာတန် အသင်းက အီလီမန်အန်ဒီယာယီ အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးရရှိပါက ရောင်းချသွားမည်ဖြစ်ကြောင်း သတင်း များက ဖော်ပြခဲ့ပါတယ်။(NVS 008)

25 Aug

ADVERTISE HERE .