“နည်းပြ နူနိုဆန်တို ကို နည်းပြရာထူးမှ ထုတ်ပယ်ပေးရန် ဝက်စ်ဟမ်းအသင်းထံ ပရိသတ်များတောင်းဆို”
25 Aug
ဝက်စ်ဟမ်းအသင်းပရိသတ်များက နည်းပြ နူနိုဆန်တို ကို နည်းပြရာထူးမှထုတ်ပယ်ပေးရန် အသင်းထံသို့ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဝက်စ်ဟမ်းအသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်မှ အင်္ဂလိပ်ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရပြီး ရာသီအစမှာပင် ချာလ်တန်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် နည်းပြ နူနိုဆန်တို ကို ရာထူးမှထုတ်ပယ် ပေးရန် ပရိသတ်များက တောင်းဆိုလာခြင်းဖြစ်ပါတယ်။ နည်းပြ နူနိုဆန်တို အနေနဲ့ ဝက်စ်ဟမ်းအသင်းကို ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်မှာ စတင်ကိုင်တွယ် ခဲ့ပြီး ပွဲပေါင်း ၄ဝ တွင် ၁၂ ပွဲနိုင်၊ ၁၂ ပွဲသရေ၊ ၁၆ ပွဲရှုံး ရလဒ်ကို ရရှိခဲ့ပါတယ်။(NVS 008)
25 Aug