“အသင်းပရိသတ်များရဲ့ လှောင်ပြောင်မှုကို ရင်ဆိုင်ခဲ့ရတဲ့ အယ်ဗာရက်ဇ်”

25 Aug

အက်သလက်တီကိုအသင်း တိုက်စစ်မှူး အယ်ဗာရက်ဇ် ဟာ ဗီလာရီးရဲလ်အသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ လာလီဂါအိမ်ကွင်းပွဲစဉ်မှာ အသင်းပရိသတ်များရဲ့ လှောင်ပြောင်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ပွဲမစမီ အက်သလက်တီကို အသင်းလူစာရင်းကို ကြေညာခဲ့ချိန်မှာ အယ်ဗာရက်ဇ် ရဲ့နာမည် ထွက်ပေါ်လာချိန်မှာ ပရိသတ်များက လှောင်ပြောင်သံများနဲ့ ပြုလုပ်အော်ဟစ်ခဲ့ပါတယ်။ ပွဲချိန် ၆၆ မိနစ်မှာ အယ်ဗာရက်ဇ်က လူစားဝင်ကစားသမားအဖြစ် ကွင်းအတွင်းဝင်လာချိန်မှာလည်း ပရိသတ်များက အယ်ဗာရက်ဇ် ထွက်သွားဆိုတဲ့ အော်ဟစ်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။ တိုက်စစ်မှူး အယ်ဗာရက်ဇ် က အခုနွေရာသီမှာ အက်သလက်တီကိုအသင်းကနေ ထွက်ခွာဖို့ဆန္ဒရှိကြောင်း ပြောထားခဲ့သလို လာလီဂါပြိုင်ဘက် ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းက အယ်လ်ဗာရက်ဇ် ကို ဘာစီလိုနာအသင်းထံသို့ ရောင်းချဖို့ဆန္ဒမရှိတဲ့အပြင် လက်ရှိအခြေအနေက အသင်းအပြင် ပရိသတ်များနဲ့ ဆက်ဆံရေးပါ ဆိုးရွားလာနေပါတယ်။ အာဆင်နယ်အသင်း အယ်လ်ဗာရက်ဇ် ကို ခေါ်ယူသွားဖို့ အသင့်ရှိနေပြီး လက်ရှိနွေရာသီ ကစားသမား ခေါ်ယူမည့်စာရင်းထဲမှာ အစောပိုင်းကတည်းက ပါဝင်နေခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းက အယ်လ်ဗာရက်ဇ် ရဲ့ပြောင်းရွှေ့ကြေးအတွက် ယူရို သန်း ၁၅၀ ဝန်းကျင်အထိ အလိုရှိနေကြောင်း သိရပါတယ်။(NVS 008)

25 Aug

ADVERTISE HERE .