“စပါးအသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာတဲ့ ဆာဗင်ဟို”
25 Aug
မန်စီးတီးအသင်းရဲ့ ဘရာဇီးတောင်ပံတိုက်စစ်ကစားသမား ဆာဗင်ဟို အနေနဲ့ စပါးအသင်းထံသို့ ပြောင်းရွှေ့ ရောက်ရှိခဲ့ပြီး စာချုပ်သက်တမ်းကို တရားဝင်ထုတ်ပြန်ခဲ့ခြင်း ၂၀၃၀ ပြည့်နှစ်အထိဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ စပါးအသင်းက ဆာဗင်ဟို အတွက် ပြောင်းရွှေ့ကြေးအပြင် ဆုကြေးနဲ့ အခြားခံစားခွင့်များအတွက် စုစုပေါင်း ပေါင်း ၈၅ သန်းအထိ ပေးချေခဲ့ရပါတယ်။ အသက် ၂၂ နှစ်အရွယ် ဆာဗင်ဟို က စပါးအသင်းဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြ ရှိနေတဲ့အသင်းဖြစ်သလို သူ့အတွက်လည်း အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုဖြစ်လို့ ပြောင်းလာဖို့ဆုံးဖြတ်ခဲ့ပြီး စပါးအသင်းကို အောင်မြင်မှုတွေရဖို့ ကူညီပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ ဆာဗင်ဟို အနေနဲ့ စပါးအသင်းမှာ ကျောနံပါတ် ၁၇ ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။(NVS 008)
25 Aug